ဆက်သွယ်ရန် fb လိပ်စာ

ဆက်သွယ်ၕန် fb လိပ်စာကတော့ 

https://www.facebook.com/AstrologerKoPaKhan/

ဖြစ်ပါတယ်ခင်ဗျာ'

ဆက်လက်၍...

Android မြန်မာဇာတာဖွဲ့ပရိုဂရမ်

https://play.google.com/store/apps/details?id=zawminminhtun.gmail.com

အထက်ပါလင့်မှ ဇာတာဖွဲ့ပရိုဂရမ်ကို မြန်မာစာစနစ်နဲ့ အသုံးပြုရန် ဒေါင်းနိုင်ပြီဖြစ်ပါကြောင်း သတင်းပေးအပ်ပါတယ်ခင်ဗျ။ (ဖုန်းအ၀င်စက email နဲ့ Googleplay အ၀င် email နှစ်ခု တူမှသာ ဒေါင်းလို့ အဆင်ပြေမှာဖြစ်ကြောင်း သတိပြုသင့်ပါတယ်ခင်ဗျ။)

ပရိုဂရမ်တွင်းက Feature လေးတွေကို အောက်မှ ပြထားပါတယ်ခင်ဗျ။ အသေးစိပ်သုံးပုံကိုတော့ http://www.motaa.info/2013/03/blog-post_28.html မှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျ။ အချိန်မရတာကြောင့် feature လေးတွေသာ တင်ပေးလိုက်ရကြောင်းပါ့ခင်ဗျ။













ဆက်လက်၍...

Android ဇာတာဖွဲ့ ပရိုဂရမ် ဒေါင်းလုတ်ရန်

ဒီနေ့မှပဲ https://play.google.com/store/apps ကို မြန်မာကနေ ဒေါင်းလုတ်လုပ်လို့ရပြီသိရတာနဲ့ publish လုပ်တဲ့အပိုင်းဝင်ပြင်တော့ မြန်မာကနေ ၀င်မရသေးတာနဲ့ ဆရာနျူမာန်ကို အကူအညီတောင်းပြီး အသစ်တိုးလာတဲ့ မြန်မာနိုင်ငံကို ၀င်ဖြည့်စေရပါတော့တယ်ခင်ဗျ။

အင်တာနက်ချိတ်ဆက်ထားတဲ့ ဖုန်းကနေ တိုက်ရိုက်ဒေါင်းပုံလေးကို ကိုယ်တိုင်ဒေါင်းရင်း တင်ပေးလိုက်ပါတယ်ခင်ဗျာ။

Android OS တိုင်းမှာ build-in ပါတဲ့ Market ကနေ ၀င်လိုက်ပါမယ်ခင်ဗျ။

အပေါ်ကပုံမှာ မျှားပြထားသလို search ကနေ အောက်ကပုံလေးအတိုင်း ရှာမယ်ဆိုရင်

အောက်ကပုံလေးအတိုင်း list ကျလာပါမယ်ခင်ဗျ။

MOTAA Horo Lite ကို free version အဖြစ်မြင်နေရပါမယ်ခင်ဗျ။

အပေါ်ကပုံအတိုင်းဆက်နှိပ်မယ်ဆိုရင်




Permission အဖြစ် Phone Location ကိုပဲ ကောဇာတွက်ရာသုံးဖို့ပဲ တောင်းထားတာကို တွေ့ရပါမယ်ခင်ဗျ။ အင်တာနက်ကွန်နက်ရှင်တောင် တောင်းမထားပါခင်ဗျာ။

အပေါ်ကပုံအတိုင်း ဒေါင်းလုတ်ကျပါမယ်ခင်ဗျ။ (နောက်ပိုင်းမှာ ဒီအဆင့်တန်းမကျတတ်ပုံကို ပြောပေးပါဦးမယ်ခင်ဗျ။)

ဒီအဆင့်မှာတော့ ကျွန်တော်တို့ ဒေါင်းပြီး Install လုပ်ပြီးပါပြီခင်ဗျ။




အပေါ်ပုံကတော့ နမူနာဇာတာ တစ်စောင်တွက်ထားတာဖြစ်ပါတယ်ခင်ဗျ။ (480x800 ဆိုဒ်များအတွက် အဆင်ပြေပေမယ့် အခြားဆိုဒ်သေးများမှာ ပုံမကျဖြစ်နေတတ်တာတွေအတွက် နောက်လာမယ့် မြန်မာလို ဗားရှင်းမှာပြင်ပြီးဖြစ်ပါတယ်ခင်ဗျ။ မကြာခင်မှာ update ပေးမှာ ဖြစ်ပါတယ်ခင်ဗျ။)

Update ယူဖို့ Market ထဲဝင်ပြီး အပေါ်ပုံမှာ ပြထားတဲ့ နေရာမှာ Check ပေးထားရမှာ ဖြစ်ပါတယ်ခင်ဗျ။

ဒီနေရာမှာ ဖြစ်တတ်တာလေးတွေ ပြောလိုပါသေးတယ်ခင်ဗျ။
ဖုန်းစအသုံးမှာ ထည့်ခဲ့တဲ့ mail နဲ့ Market ထဲ အ၀င် mail နှစ်ဟာ တူမှ ဒေါင်းလုတ်ရပါမယ်ခင်ဗျ။ တူနေသော်မှလည်း စစသုံးခြင်းမှာ နာရီဝက်ခန့်ကြာအောင် စောင့်နေရတတ်ပါတယ်ခင်ဗျ။ Downloading ပေါ်နေရင်ပဲ စိတ်ရှည်ရှည်စောင့်ရမှာ ဖြစ်ပါတယ်ခင်ဗျ။

ဒေါင်းလုတ်မရပါက အောက်ပါဆိုဘ်မှာ လေ့လာနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။
http://www.expertreviews.co.uk/mobile-phones/1280992/android-market-not-downloading-how-to-fix-it

နက္ခတ်ပညာသည် လောကကောင်းကျိုး သည်ပိုးနိုင်ပါစေသတည်း။
ကိုပခန်း
24.3.2013

ဆက်လက်၍...

မင်္ဂလာအခါရွေးချယ်ခြင်း


မင်္ဂလာအခါရွေးချယ်ခြင်းအမှတ်တရ

ကျွန်တော် ကိုပခန်း ရဲ့ မင်္ဂလာပွဲကို ဇန်န၀ါရီ ၆ ၂၀၁၃ နံနက် ၇ နာရီ အချိန် ပခုက္ကူမြို့မှာ ကျင်းပခဲ့ပါတယ်။ နတ်တော်လပြည့်ကျော် ၉ ရက်မို့ နတ်လကြီးကို ဆောင်ရသလားရယ်လို့ မိန်းကလေးဘက်ကလည်း ပြောတယ်။ စစ်ထွက်စစ်ပြန်လရယ်လို့လည်း ပြောသူကပြော။ ခန်းမ ငှားပြန်တော့လည်း ဘာသာခြားလားလို့ မေးသူကမေး။ ကျွန်တော်ကတော့ ကျွန်တော့် မင်္ဂလာပွဲကို ကျွန်တော်နှစ်သက်တဲ့ အချိန်ကိုသာ ရွေးချယ်ခဲ့ပါတယ်။ ဆရာနူမာန်(မိုးတား) ကိုလည်း တိုင်ပင်ခဲ့ရာမှာတော့ ဆရာက မူလလဂ်တွေပေါ် ကောဇာဂြိုဟ်အစီးအနင်းနဲ့ ပတ်သတ်ရွေးချယ်ပုံတွေကို ညွှန်ပြခဲ့ယုံမက အမှတ်တရ ပိုစ့်အဖြစ် တင်ရေးဖို့ အကြံပြုတာကြောင့် ဒီပိုစ့်ကို ရေးလိုက်ရပါတယ်ခင်ဗျား။
မိမိကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်ဖြစ်တာနဲ့အညီ ၀ါတွင်း ၃ လ ကိုတော့ မဖြစ်မနေရှောင်လိုက်ပါတယ်ခင်ဗျ။
တွက်ချက်ပုံအဆင့်ဆင့်ကိုတော့ ရေးသားဆဲ MOTAA HORO Android Apk နဲ့ ယှဉ်ကာ တင်ပြသွားပါမယ်ခင်ဗျ။
ပုံ(၁) အမျိုးသားဇာတာ အချက်အလက်ဖြည့်သွင်းခြင်း

ပုံ(၂) အမျိုးသားဇာတာ

ဓနုလဂ် မှာ တနင်္ဂနွေ တနင်္လာ ပူးနေတာမို့ ဓနုတစ်ရာသီသာ ထည့်သွင်းစဉ်းစားမယ်လို့ ဆုံးဖြတ်ဖြစ်ပါတယ်ခင်ဗျား။

ပုံ(၃) မူလဇာတာမှာ လဂ်ကို သုံးရန် ပြင်ဆင်ပုံ



ပုံ(၄) မင်္ဂလာ အချိန်နဲ့ မင်္ဂလာပွဲ ကျင်းပရာ ပခုက္ကူမြို့တည်ရာတို့ကို ဖြည့်သွင်းပါတယ်ခင်ဗျ။
၎င်းတည်ရာကိုပါ ဒေသရွေးချယ်ခြင်းမှာ ဖြည့်သွင်းထားတာမို့ အလွယ်တကူ အောက်ကပုံမှာလို ကြည့်ယူလို့ရနိုင်ပါတယ်ခင်ဗျ။


ပုံ(၅) မြန်မာ့ဒေသများကို ဖြည့်သွင်းကာ အလိုအလျှောက် တည်ရာ တွက်စေခြင်း


ပုံ(၆) မူလလဂ် နှင့် မိမိလိုရာ ဒေသကောင်းကင်ဂြိုဟ်များ တည်ရာ
ကောဇာ တနင်္ဂနွေ ဟာ မူလ တနင်္ဂနွေကို စီးနင်းနေပြီး၊ ကောဇာ စန်းဟာ မူလစန်းမှ ၁၁ တန့်တည်နေပါတယ်ခင်ဗျ။


ပုံ(၇) မူလလဂ်နှင့် ကောဇာ ဂြိုဟ်များ အချင်းအချင်း မြင်ယှဉ်နေပုံ
ဒီနေရာမှာတော့ ဓနုလဂ်သမားအတွက် ၈ တန့် သခင် တနင်္လာဟာ ဂြိုဟ်ဆိုးအဖြစ်ယူဆတာမို့ တနင်္လာရဲ့ လွှမ်းမိုးမှုကို ဂြိုဟ်များအပေါ်ရော အတန့်အလည်များအပေါ်ရော ရှောင်ရှားဖို့ လိုပါတယ်ခင်ဗျ။ သခင်ဂြိုဟ်များကိုသာ အဆိုးသဘောယူတာမို့ ၁၂ တန့်အိမ်ရှင် အင်္ဂါနဲ့ ၆ တန့် အိမ်ရှင်တို့ကိုတော့ အဆိုးသဘောအားဖြင့်ယူဆခြင်း မရှိပါဘူးခင်ဗျ။ ကောဇာဂြိုဟ်များ မူလလဂ်နဲ့ ယှဉ်ထိုးပြီး မိတ်ရန်အမြင်အားများမှာလည်း အဆိုးသဘောမရှိ ကောင်းမွန်တာတွေ့ရပါတယ်ခင်ဗျ။


ပုံ(၈) MOTAA ဂြိုဟ်အားများကို Chart အသွင်ဖြင့် မြင်ရပုံ


ပုံ(၉) MOTAA ဘာဝအလယ်သို့ သက်ရောက်အားများကို chart အသွင်ဖြင့် မြင်ရပုံ

အမျိုးသမီးဇာတာ


ပုံ(၁၀) အမျိုးသမီးဇာတာ
အမျိုးသမီး ဇာတာလဂ်မှာ မေထုန်လဂ်ဖြစ်ကာ အမျိုးသားဇာတာနှင့် ၇ တန့်အမြင် ကိန်းခံနေပါသည်။ တနင်္ဂနွေမှာလည်း မေထုန်ပင်ဖြစ်သောကြောင့် အမျိုးသားဇာတာမှ တနင်္ဂနွေနှင့် ၇ တန့်အမြင် ကိန်းခံနေပြန်ပါသည်။
တနင်္လာမှာ မိဿရာသီတည်ကာ အမျိုးသား၏ ဓနုစန်းနှင့် ၅ တန့် ၉ တန့် အမြင် တြိဂေါဏ ခံနေပါသည်။


ပုံ(၁၁) အမျိုးသမီး မူလလဂ်နှင့် ကောဇာ ဂြိုဟ်များ
ကောဇာ တနင်္ဂနွေမှာ မူလတနင်္ဂနွေနှင့် ၇ တန့်အမြင်ကိန်းခံနေသည်။ ကောဇာ စန်းမှာ မူလစန်းနှင့် ၇ တန့်အမြင် ကိန်းခံနေပြန်ပါသည်။
ထို့ကြောင့် ကောဇာ တနင်္ဂနွေသည် အမျိုးသားအတွက် ၁ တန့်တည်ကာ အမျိုးသမီးအတွက် ၇ တန့်တည်သည်။
ကောဇာစန်းသည် အမျိုးသားအတွက် ၁၁ တန့်တည်ကာ အမျိုးသမီးအတွက် ၇ တန့်တည်နေသည်။
ကောဇာလဂ်သည် အမျိုးသားအတွက် ၁ တန့်ဖြစ်ကာ အမျိုးသမီးအတွက် ၇ တန့်ဖြစ်နေပါသည်။

MOTAA အားများနှင့် စစ်ဆေးပြန်လျှင် အောက်ပါအတိုင်း ဆက်နွယ်မှုကို တွေ့ရပါသည်။


ပုံ(၁၂) မူလလဂ်နှင့် ကောဇာဂြိုဟ်တို့ကို MOTAA အားများ
အမျိုးသမီးဇာတာမှာ မေထုန်လဂ်ဖြစ်သည်နှင့် အညီ ၆ တန့်တွင် သခင်ဂြိုဟ်မရှိ၊ ၈ တန့်တွင် သခင်ဂြိုဟ်မရှိ၊ ၁၂ တွင်လည်း သခင်ဂြိုဟ်မတည်သဖြင့် MOTAA အားအရ အဖျက်သဘောနည်းကာ မိတ်ရန် န၀င်း နေလောင် အမြင်အယှဉ်တို့အားကိုသာ ကြည့်ရန်လိုတော့ပါသည်။ အဆိုးသဘောမရှိပေ။


ပုံ(၁၃) Chart အမြင်ဖြင့် MOTAA ဂြိုဟ်အားများ


ပုံ(၁၃) Chart အမြင်ဖြင့် အတန့်အလည်သို့ သက်ရောက်နေသော MOTAA ဂြိုဟ်အားများ



ပုံ(၁၄) အမျိုးသားဇာတာ၏ ဒသာအားများ
မင်္ဂလာအခါချိန်သည် အမျိုးသားအတွက် ၈ တန့်သခင် တနင်္လာ၏ မူလာဒသာဖြစ်ကာ၊ ၇ တန့်အိမ်ရှင် ၁၀ တန့်သခင်၏ အန္တရဒသာဖြစ်သည်၊ ၈ တန့်သခင်၏ ပြတ္တန္တရဒသာကာလလည်းဖြစ်သည်။ ၇ တန့်သည်အိမ်ထောင်ရေး အရင်းနှီးဆုံးမိတ်ဆွေကို ဖေါ်ကျူးကာ၊ ၁၀ တန့်သည် အလုပ်အကိုင်ဘာဝလည်းဖြစ်သည်။ ၈ တန့်သည်လည်း လိင်မှုကိစ္စ လျှို့ဝှက်သော ဖူးစာရှင်ကဏ္ဍများနှင့်လည်း ဆက်စပ်သေးသည်။ မူလသဘောအရ တနင်္လာသည် မျှတတွေးခေါ်ခြင်း စာနာခြင်းသဘောရှိကာ၊ ဗုဒ္ဓဟူးမှာ သတင်းအဆက်အစပ် သဘောဖြစ်သည်။ ၄င်းကာလတွင်ပင် စေ့စပ်ခြင်းမင်္ဂလာပြုခဲ့ပါသေးသည်။
MOTAA အားခွဲဝေမှုအားဖြင့် +၇၁% မျှ အားကောင်းမွန်လှပါသည်။


ပုံ(၁၅) အမျိုးသမီးဇာတာ၏ ဒသာအားများ
မင်္ဂလာအချိန်သည် အမျိုးသမီးအတွက် ၁၁ တန့်သခင် အင်္ဂါ ဒသာဖြစ်ကာ၊ ၈ တန့် အိမ်ရှင် ၉ တန့်သခင် စနေ၏ အန္တရဒသာဖြစ်သည်။ ၂ တန့်သခင် တနင်္လာ၏ ပြတ္တန္တရဒသာဖြစ်သည်။ ၁၁ တန့်မှာ လာဘ်လာဘ သဘောအရ အမျိုးသမီးအတွက် မင်္ဂလာအခါဖြစ်သည်။ အင်္ဂါသည် အမျိုးသမီးဇာတာအတွက် လင်ယောကျာ်းသဘာဝလည်းဖြစ်သည်။ ၈ တန့်မှာ ဖူးစာဖက် ရှေးကံ ကာမဂုဏ်သဘောရှိကာ ၉ တန့်သည် တင့်တယ်ခြင်းသဘောရှိသည်။ တနင်္လာမှာမူ စာနာခြင်းသဘော အတူတွဲဖက်ရခြင်းသဘောတို့နှင့်အတူ မင်္ဂလာပြုရန် အခါကောင်းများ ဖြစ်ပေါ်နေတော့သည်။ MOTAA အားခွဲဝေမှုအားဖြင့် +၁၉၃% မျှ အားကောင်းမွန်လှပါသည်။
ရှေ့ဆက်ဘ၀လမ်းကိုတော့ ကျွန်တော်တို့ မသိကြသေးပါ။ မင်္ဂလာပွဲကတော့ ဧည့်သည် ၆၀၀ ခန့်လာရောက်ချီးမြှင့်ပါသည်။ ကြက်ဆီထမင်းနှင့်ဧည့်ခံလိုက်ပါသည်။

ကျွန်တော့်ဗေဒင်ဝါသနာပါသည်ကို သိထားကြသော သူငယ်ချင်းများက အိမ်ထောင်ဖက်ကို ဗေဒင်တွက်ကာ ရွေးချယ်ထားပါသလားဟု အကြိမ်ကြိမ်မေးတတ်ကြသည်။ ကျွန်တော့်ဇနီးနှင့် ကျွန်တော်တို့ ၂၀၀၃ ခုနှစ်တည်းက စတင်တွေ့ရှိကာ သမီးရည်းစားဖြစ်ခဲ့ကြပါသည်။ (ထိုစဉ်က ကျွန်တော် ဇာတာပင် မဖွဲ့တတ်သေးပါ။) ၂၀၁၃ တွင်မှ လက်ထပ်နိုင်မည် ၁၀ နှစ်မျှ စောင့်စားပါရန်လည်း တောင်းဆိုခဲ့သည်။ သူကလည်း စောင့်မည်ဟု ကတိပေးသည်။ ထို့ကြောင့် ပင်လျှင် ၂၀၁၃ သို့ ရောက်လျှင်ရောက်ချင်း ပထမဦးဆုံး တနင်္ဂနွေ 6.1.2013 တွင်လက်ထပ်လိုက်ခြင်းဖြစ်ပါသည်။
၁၀ နှစ် ၁၀ မိုးစောင့်စားခဲ့သူအား ဗေဒင်ပညာဖြင့် မည်မျှ မကိုက်ညီ မသင့်တော်စေကာမူ လက်ထပ်မည်သာဖြစ်ပါသည်။ မင်္ဂလာအခါကိုသာ ပညာအရ တွက်ချက် ချင့်ချိန်ခဲ့ပါတယ်ခင်ဗျ။




အမှတ်တရအဖြစ် ဟန်းနီးမွန်းခရီးမှ ဦးပိန်တံတားအမှတ်တရ ပုံလေးပါ ဖေါ်ပြလိုက်ပါသည်ခင်ဗျား။


မင်္ဂလာဧည့်ခံပွဲအတွက် ကျေးဇူးတင်ထိုက်သူအားလုံးအား ကျေးဇူးတင်ပါသည်။ ကြိုတင်မဖိတ်ကြားမိသော အသိအကျွမ်းအားလုံးအား ခွင့်လွှတ်ပါစေကြောင်း အနူးအညွတ်တောင်းပန်ပါသည်ခင်ဗျား။
ချမ်းမြေ့ကြပါစေခင်ဗျား။
ကိုပခန်း
12.1.2012

ဆက်လက်၍...

MOTAA HORO Lite APK download link

Android OS သုံး ဖုန်းများအတွက် MOTAA HORO APK ကို https://play.google.com/store/apps/details?id=motaa.info တွင် ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဖုန်းသုံးသည့် ဒေသစံတော်ချိန် ယူသုံးမည့် Permission သာပါ၍ internet ပင်မလိုဘဲ အသုံးပြုနိုင်အောင် ရေးသားထားပါသည်။

ထို့အတူ MOTAA HORO Lite version ကိုလည်း ဖန်တီးထားပြီးဖြစ်ပါသည်။ ၄င်းတွင် မူလ Paid Version မှ SwissEph Charts နှင့် Dasha အပိုင်းများ ဖျောက်ထားပါသည်။ ထို့ကြောင့် သံဒိဌတစ်လစာနှင့် ဒသာတွက်မပေးနိုင်ပါ။ သို့သော်လည်း ဇာတာဖွဲ့ခြင်းနှင့် ဂြိုဟ်မြင်ယှဉ်များ တွက်ချက်ပေးကာ ယခင်တစ်ကြိမ်မှ Setting ကိုလည်း သိမ်းဆည်းပေးထားမည်ဖြစ်သည်။ ဇာတာများကိုလည်း သိမ်းထားပေးမည်မဟုတ်ပေ။ Paid Version အတွက် Market သို့ညွှန်းထားသည့် လိပ်စာကို ထည့်သွင်းထားသည်။

ဒေါင်းရန်လင့်မှာ
https://play.google.com/store/apps/details?id=motaa.freeversion ဖြစ်သည်။ rating ကောင်းလေးများ ပေးစေလိုပါသည်။ :)

အသုံးပြုပုံအညွှန်း Video မှာအောက်ပါအတိုင်းဖြစ်ပါသည်။

နောက်နောင် ဗားရှင်းများတွင် ယေဘုယျအဟောများ၊ ဂြိုဟ်အပူးအမြင်အဟောများ၊ ဒသာအဟောများ ဖြည့်သွင်းရင်း ၀ယ်ယူအသုံးပြုသူများအတွက် update ပေးသွားမည်ဖြစ်ပါသည်။ ဈေးနှုန်းအနေဖြင့် မြန်မာငွေ ၃၂၀၀ ကျပ်ခန့်သာ ကျသင့်ပါသည်။ အဟောများဖြည့်သွင်းပြီးပါက ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။

Program နှင့်ပတ်သတ်သော ဝေဖန် အကြံပြုချက်များအား ကြိုဆိုလျှက်ရှိပါသည်။ zawminminhtun@gmail.com သို့ မေးပို့ကာ အကြုံပြုနိုင်ကြပါသည်။

နက္ခတ်ဗေဒင်ပညာသည် လောကကောင်းကျိုးသည်ပိုးနိုင်ပါစေသတည်း။
ကိုပခန်း
14.7.2012

ဆက်လက်၍...